တံတားဦး အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် စာရင်းစစ်/စာရင်းကောက်သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သူများက မြေပြင်တွင် လက်တွ့ကွင်းဆင်းပြီး Mobile Tablet များအသုံးပြု၍ ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့တွင် ဆက်လက်ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့တွင် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက် ကောက်ယူနေမှုအား မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်ဒေသကြီးဦးစီးမှုး ဦးစိုးလွင် တက်ရောက်ကြည့်ရှုအားပေးပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့အား လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇) အုပ်စု စုစုပေါင်း (၃၀) အုပ်စုအား ကွင်းဆင်းကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)