နေပြည်တော်ကောင်စီ ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ရာဂိမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပွားခဲ့သည့် အမှိုက်၊ သစ်တိုသစ်စများ ဖယ်ရှားသန့်ရှင်းရေးဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး၊ ပျက်စီးသွားခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းများ အသစ်ပြန်လည်ပေးအပ်

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေ၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက နောင်ခမ်းကျေးရွာတွင် ချမ်းမြေ့ရိပ်သာပရဟိတအဖွဲ့ဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်းပြီး ရေဘေးသင့် အိမ်ဝိုင်းခြံများ၊ လမ်းများအတွင်းရှိ အမှိုက်၊ ရွှံ့နွံနှင့် သစ်တိုသစ်စများ ဖယ်ရှားသန့်ရှင်းရေးဆောင်ရွက်မှုအား ကြည့်ရှုအားပေး၍ ရွှေဖီဦးလက်ဖက်ရည်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာ (၆)ရွာတွင် နို့စားနွားကောင်ရေ  ၉၂ ကောင် မွေးမြူထားရှိ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာ ၆ ရွာတွင် နို့စားနွားကောင်ရေ  ၉၂ ကောင် မွေးမြူထားကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။  

တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှု

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို နိုင်ငံတစ်ဝန်းတွင် အောက်တိုဘာ (၁)ရက်နေ့မှစတင်၍ အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌  စာရင်းစစ်/စာရင်းကောက်များမှ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်ကွက်များတွင် စာရင်းကောက်ယူဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့်  တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ရပ်စောက်၌ မြို့နယ်သမဝါယမအသင်းစုလီမိတက်ပံ့ပိုးငွေဖြင့် အသင်းသားတောင်သူများအတွက် သွင်းအားစုများထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်ပံ့ပိုးငွေဖြင့်  ဆောင်းသီးနှံ နေကြာစိုက်ပျိုးသော အသင်းသားတောင်သူများအတွက် နေကြာမျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် စုပေါင်းဝန်ထမ်းအိမ်ရာများ ပြုပြင်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသအတွင်း ပြန်လည်ဝင်ရောက်နေထိုင်၍ လုပ်ငန်းတာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများသည် မိမိတို့၏လုပ်ငန်းများကို စိတ်အေးချမ်းသာစွာနေထိုင်၍ ထမ်းဆောင်နိုင်ကြရန် စုပေါင်းအိမ်ရာများကိုလည်း စဉ်ဆက်မပြတ် ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူနေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအောက်တိုဘာလ ၁ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအလိုက် မြေပြင်ကွင်းဆင်း၍ စတင်ကောက်ယူလျက်ရှိရာ ယမန်နေ့အထိ ကောက်ကွက်ပေါင်း (၂၄၃) ကွက် ကောက်ယူပြီးစီးပြီး ကျန်စာရင်းများ ဆက်လက်ကောက်ယူလျက်ရှိသည်။
Subscribe to