ဗဟန်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဗဟန်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

ပုသိမ်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်ပေးရေး၊ အခြေခံစားသောက်ကုန်များရောင်းချပေးရေးနှင့် မြို့သန့်ရှင်းသာယာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်ပေးရေး၊ အခြေခံစားသောက်ကုန်များ ရောင်းချပေးရေးနှင့် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

လောင်းလုံးမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က လောင်းလုံးမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ကျိုက်ထိုမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။

မြို့သစ်မြို့ အ.ထ.က(၁)ကျောင်း၌ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပသည်။

မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီမှ စတင်၍ ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား   ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား  ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ် ရေပိုင်းကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျေးလက်နှင့်မြို့ပြဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး‌​​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ ရေပိုင်းကျေးရွာများရှိ ကော့ပေါက်ကျေးရွာ၊ ကော့စိန်ကျေးရွာနှင့်​ ကောတွန်ကျေးရွာများသို့ရောက်ရှိပြီး ရှေးဦးစွာ ကော့ပေါက်ကျေးရွာရှိ မတ်ပဲ၊ မြေပဲ၊ နေကြာ(၂၄၂၁)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကော့စိန်၊ ကော့ပေါက်၊ ကော့တွန်ကျေးရွာများရှိ ဆီထွက်သီးနှံ၊ ဉယျာဉ်ခြံသီးနှံ စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ ကော့တွန်ကျေးရွာ၏ သီနှံစိုက်စွမ်းအား(၁၉၅)ရာခိုင်နှုန်း၊ ကော့ပေါက်ကျေးရွာ၏ သီးနှံစိုက်စွမ်းအား(၁၈၇)ရာခိုင်နှုန်း၊ ကော့စိန်ကျေးရွာ၏ ကိုင်း၊ ကျွန်း၊ ဥယျာဉ်မြေ(၇၅၈)ဧကတွင် ကွမ်း၊ အုန်းသီး၊ ငှက်ပျော်နှစ်ရှည်သီးနှံများ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးတို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်းပြောကြားသည်။
Subscribe to