ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ်၊ ၂၀၂၄ ခုနှစ်၊ ပထမနှစ်(၂၀၂၃ အောင်)၊ ဒုတိယအသုတ်(ဝိဇ္ဇာ)အဝေးသင်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်
ပုသိမ်တက္ကသိုလ် ၂၀၂၄ ခုနှစ်၊ ပထမနှစ်(၂၀၂၃ အောင်)၊ ဒုတိယအသုတ်(ဝိဇ္ဇာ) အဝေးသင် သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။