တပ်ကုန်းမြို့၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အလှဖယောင်းတိုင်များ ပြုလုပ်နည်းသင်တန်းဖွင့်

တပ်ကုန်း အောက်တိုဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်ဖွင့်လှစ်သင်ကြားပေးသည့် အလှဖယောင်းတိုင်ပြုလုပ်နည်းသင်တန်းကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် နည်းပြအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်တင့်တင့်ခိုင်၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးတင်စိုးလွင်တို့က မီးဖိုချောင်သုံးပစ္စည်းများအသုံးပြု၍ ဖယောင်းအရည်ကျိုနည်း၊ အရောင်ရောစပ်နည်း၊ ဖယောင်းအရည်များ မိုခွက်အတွင်း လောင်းထည့်နည်း၊ မီးစာထည့်နည်းနှင့် အလှဖယောင်းတိုင်ပြုလုပ်ပုံအဆင့်ဆင့်တို့ကို တက်ရောက်သင်ကြားသူများအား လက်တွေ့သင်ကြားပြသပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိ ပညာဗဟုသုတများရရှိစေရန် Online မှတစ်ဆင့်အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်