(၂၅)ကြမ်မြောက် မြန်မာရိုးရာယဥ်ကျေးမှုငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များ နေပြည်တော်သို့ ထွက်ခွာ

မန္တလေး အောက်တိုဘာလ ၁၂

နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ဗဟိုအဆင့် (၂၅)ကြမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာရိုးရာယဥ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များသည် အမျိုးသားယဥ်​ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တ​လေး)၊ ဒုတိယပါ​မောက္ခချုပ်(စီမံ) ဦး​ကျော်သူရဦးဆောင်သော ဦးစီးအုပ်ချုပ်/ပံ့ပိုးသူ ၁၃၅ ဦး၊ ပြိုင်ပွဲဝင်အနုပညာရှင် ၂၅၅ ဦးအပါအဝင် စုစုပေါင်း ၃၉၀ ဦးတို့သည် ယနေ့နံနက်ပိုင်းက မန္တလေး၊ အောင်​မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၂၀ လမ်းနှင့် ၂၂လမ်းကြားရှိ အမျိုးသားဇာတ်ရုံ(မန္တလေး)ရှေ့စုရပ်မှ မော်​တော်ယာဥ် ၁၇ စီးတို့ဖြင့် နေပြည်တော်သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

ထိုသို့ထွက်ခွာရာနေရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လာရောက်အားပေး နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

အောင်စံ(ပြန်/ဆက်)