ညောင်လေးပင် အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြန်မာအားမာန်လုပ်ငန်းရှင်များအသင်းမှ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်များဖြင့် လှူဒါန်းပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲ ၁နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညောင်လေးပင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရွှေကျင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောက်ကြီးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ မြန်မာအားမာန်လုပ်ငန်းရှင်များအသင်းမှ အလှူရှင်များ စုစုပေါင်းအင်အား (၆၀) ဦး တတ်ရောက်ခဲ့ပြီး ညောင်လေးပင်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းမှ ရေဘေးသင့်ခဲ့သော အိမ်ထောင်စုများအတွက် စားသောက်ကုန်များ လှူဒါန်းပေးပါသော မြန်မာအားမာန်လုပ်ငန်းရှင်များအသင်းအား ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာအားမာန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ညောင်လေးပင်၊ ရွှေကျင်၊ မဒေါက်နှင့်ကျောက်ကြီးမြို့နယ်များမှ ရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၄၇၅၉၃၁၂၀) တန်ဖိုးရှိ ဆီ (၅၀) ကျပ်သား (၁၂၀) ဗူး၊ ဆန်ငါးပြည် (၂၂၄၇) အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၂၅၀၀) ထုပ်၊ ရေသန့် (တစ်လီတာဝင်ဗူး) (၂၀၀၀) ကဒ်၊ ပုဇွန်ကော်ပြန့်လိပ် (၁၀၀၀) ထုပ်၊ ချဥ်စပ်ကော်ပြန့်ကြော် (၁၆၀၀) ထုပ်၊ ငါးသေတ္တာ (၅၀၀) ဘူး၊ ဖိနပ် (၂၅) ရံ၊ အဝတ်အစား (၇၃၆) ထည်တို့ ပေးအပ်လှူဒါန်းမှုအား လက်ခံပေးခဲ့သည်။
ထိုနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များနှင့် မြန်မာအားမာန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)