ကြံခင်းမြို့နယ် မြို့မဈေးနှင့်ဘက်ရဲဈေးတို့တွင် မီးဘေးလုံခြုံရေးအသိပညာပေး စစ်ဆေး

ကြံခင်း အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်ဆုံးရှုံးမှုလျှော့နည်းစေရန်ရည်ရွယ်ပြီး ယနေ့နံနက် (၉) နာရီအချိန်က ကြံခင်းမြို့နယ်မြို့မဈေးနှင့် ဘက်ရဲဈေးတို့တွင် မီးဘေးလုံခြုံရေးအသိပညာပေး စစ်ဆေးကြသည်။

ထိုသို့စစ်ဆေးကြရာ  ကြံခင်းမြို့မဈေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံးမှတာဝန်ရှိသူများနှင့်အတူ မြိုနယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့မဈေးတွင်ဈေးဆိုင်ခန်းများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရုတ်တရက်မီးလောင်မှုနှင့်ကြုံတွေ့ပါက (DCP) မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နိုင်ရန် အသုံးပြုပုံများနှင့်ဝါယာကြိုးများမှတစ်ဆင့် မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်အချက်များကို ဈေးရောင်းသူပြည်သူများအား ရှင်းလင်းခြင်းနှင့် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိခြင်းများကို စစ်ဆေးဆောင်ရွက်ကြသည်။

ဆက်လက်၍ မြိုနယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦးကိုကိုနိုင်နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက  ဘက်ရဲဈေးအတွင်းရှိ ဆိုင်ခန်းများအား လျှပ်စစ်ဝါယာလျှော့မဖြစ်စေရေးနှင့် မီးလောင်ဆုံးရှုံးမှုလျှော့နည်းစေရန် ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဘက်ရဲမြို့ဈေးတာဝန်ခံ၊ ဘက်ရဲမြို့လျှပ်စစ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ  ဘက်ရဲဈေးရှိဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဈေးဆိုင်ခန်းများတွင် လျှပ်စစ်အသုံးပြုခြင်း၊ မီးသတ်ဆေးဗူးထားရှိခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ ရေလှောင်ကန်များ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များထားရှိခြင်းနှင့် မီးပေါ့ဆမှုမရှိစေရန် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)