လူငယ်သင်တန်းကျောင်း(မန္တလေး)တွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်

မန္တလေး အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လင်းဦးဆောင်သော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၇၃ လမ်းထောင့်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း(မန္တလေး)၌ ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လင်းဦးဆောင်သော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများအား တကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းတို့ကို ကျန်းမာရေးအသိပညာပေးဟောပြောကြကာ အရေပြားရောဂါဖြစ်ပွားနေသူ (၁၀၈) ဦးတို့အား ဆေးကုသမှုပေးကြပြီး သုံးရေသိုလှောင်ထားရှိသည့် ရေကန်များကို bleaching powder ခပ်ပေးခြင်းတို့ကို ဆောင်ရွက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း (အောင်စံ၊ ပြန်/ဆက်)