ဇေယျာသီရိ အောက်တိုဘာ ၁၃
ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့်နေအိမ်မျောပါပျက်စီးခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက မိမိတို့အနေဖြင့် ရေဘေးသင့်ဒေသများတွင် ကိုယ်တိုင်သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မပျက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခုအခမ်းအနားတွင်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့်နေအိမ်မျောပါပျက်စီးခဲ့သည့် ပြည်သူများအား နေအိမ်များ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင်ဦးဟန်သူနှင့် တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့် နေအိမ်မျောပါ ပျက်စီးခဲ့သည့် နေအိမ် တစ်အိမ်လျှင် ၂၃၅၀၀၀၀ ကျပ်ဖြင့် စုစုပေါင်း နေအိမ် ၅၉ လုံးအတွက် ၁၃၈၆၅၀၀၀၀ ကျပ်ထောက်ပံ့ပေးအပ်ခဲ့ပြီး နေပြည်တော်ကောင်စီမှ ထောက်ပံ့ပေးအပ်သည့် ခေါက်ဆွဲခြောက် တစ်ဖာနှင့် အသားဆီသွပ်ဗူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)