လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဆက်လက်ကောက်ယူ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အမှတ် (၆) ရပ်ကွက်ရှိ သာသနာ့မကုဋအတုလဗိမာန် (၃) ထပ်ဆောင်၌ ယနေ့နံနက် ၇နာရီတွင် စာရင်းကောက်များကို စုရပ်ပြုလုပ်၍ ရေဥက္ကံကျေးရွာ၊ ကစင်ကျေးရွာ နှင့်ရှမ်းချောင်းကျေးရွာတို့တွင် ပြည်သူများအား ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအချက်အလက်များကို ကွင်းဆင်း၍ ဆက်လက်ကောက်ယူလျက်ရှိသည်။