မင်းလှမြို့ ဇေယျာသီရိဈေး၌ မီးဘေးလုံခြုံရေးကြိုတင်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ဇေယျာသီရိဈေးတွင် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများကို မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်းအဖွဲ့မှ ယနေ့နံနက် (၈) နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။