ကလော အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်၌ ယနေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ဇေတဝန်ကျောင်းတိုက်၊ သာသနာနွယ်ဆရာတော် ဦးဆောင်၍ အလှူရှင်များက ကလောမြို့နှင့်အင်းတိန်ကျေးရွာရှိ ရေဘေးသင့်ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ငွေနှင့်ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ ဇေတဝန်ကျောင်းတိုက်၊ သာသနာနွယ်ဆရာတော် အရှင်စန္ဒဇောတိထံမှ ငါးပါးသီလဆောက်တည်ခဲ့ကာ ဆရာတော်မှ မေတ္တာသုတ်တရားတော် ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် လှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေးခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ထောက်ပံ့ပေးအပ်ပွဲကို ကျင်းပခဲ့ရာ မော်လမြိုင်မြို့၊ ဇေတဝန်ကျောင်းတိုက်၊ သာသနာနွယ်ဆရာတော်ဦးဆောင်၍ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ခရိုင်ရဲမှူးဒုတိယ ရဲမှူးခင်နိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ကလောမြို့အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရေဘေးသင့်ကျောင်းသား၊ကျောင်းသူ ၃၇၄ ဦး၊ အမှတ်(၂)အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ရေဘေးသင့်ကျောင်းသား၊ကျောင်းသူ ၈၄ ဦး၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းရှိ ရေဘေးသင့်ကျောင်းသား၊ကျောင်းသူ ၁၂၅ ဦး အတွက် ကျောင်းသား၊ကျောင်းသူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့် ဗလာစာအုပ် တစ်ဒါဇင်၊ စာရေးကိရိယာအစုံတို့ကိုလည်းကောင်း၊ ရေဘေးသင့်ဆရာ၊ဆရာမ ၁၅ ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်ဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လှူဒါန်းပေးခဲ့သည်။ ထို့နောက် ကလောမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန် စက်သုံးဆီဖိုးအတွက် ငွေကျပ်(၅၀)သိန်းနှင့် ရေအေးကန်ရေပိုက်လိုင်းပြန်လည်ပြုပြင်စေရေးအတွက် အလှူငွေကျပ် (၅၀)သိန်းတို့ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။
အလားတူ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာစာသင်ကျောင်းရှိ ရေဘေးသင့်ကျောင်းသား၊ကျောင်းသူ ၄၅၈ ဦးနှင့် ဆရာ၊ဆရာမ ၃၀ တို့အတွက် ကျောင်းသား၊ကျောင်းသူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့် ဗလာစာအုပ် တစ်ဒါဇင်၊ စာရေးကိရိယာအစုံတို့ကိုလည်းကောင်း၊ ရေဘေးသင့်ဆရာ၊ဆရာမ ၃၀ ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်ဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)