ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ထိန်းချုပ်ကာကွယ်ရေး စေတနာ့ဝန်ထမ်းများ၏ တာဝန်ဝတ္တရားများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ထိန်းချုပ် ကာကွယ်ရေး စေတနာ့ဝန်ထမ်းများ၏ တာဝန်ဝတ္တရားများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်‌ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မူမြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။

နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ (၄ဒဿမ၅)ပေရေကျော်ကျ     

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မိုးရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၆ နာရီတွင် ဆည်ရေတိုင်းထွာချက်အရရေပြည့်အမှတ်ထက် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ အဖိုးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း၌ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံဝန်ထမ်း(အငြိမ်းစား) ပင်စင်စားများအား အခမဲ့ကျန်းမာရေးဆောင်ရွက်ပေးမှုနှင့်အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာ၌ ဆောင်ရွက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာရှိ ရေဘေးသင့်ခဲ့ကြသောပြည်သူများအတွက် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ဆေးကုသပေးခြင်းများဆောင်ရွက်

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်  ပြည်နယ်ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာ၊ ဆရာမများစုပေါင်း၍   လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလအတွင်းက ရေဘေးသင့်ခဲ့ကြရသည့်ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးနိုင်စေရေးအတွက် ယမန်နေ့က ကွင်းဆင်းဆေးကုသပေးခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ရိက္ခာခြောက်နှင့်အဝတ်အထည်များ ထောက်ပံ့ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ရိက္ခာခြောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ ဆောင်းရာသီဆီထွက်သီးနှံ(၁၁၅၂၃)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး စံပြစိုက်ခင်းများစတင်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ တောင်သူများအနေဖြင့် ဒေသတွင်းစာသုံးဆီဖူလုံပိုလျှံရန်အတွက် လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၁၅၂၃ ဧက စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ဒုတိယပတ်မှစတင်ပြီး ဆောင်းသီးနှံစံပြစိုက်ခင်းများစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး(CPU)အဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလတွင် တောင်ကျရေများ စီးဆင်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများဖြစ်ပေါ်တတ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့ မြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့်မီး‌‌ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ဈေးများတွင် ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် စစ်ဆေးအသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မဈေး၌ဆောင်ရွက်ခဲ့ကြသည်။
Subscribe to