ဒေးဒရဲမြို့နယ် Community Centre ခန်းမ၌ အခြေခံပညာမူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး ရည်ရွယ်၍ အခြေခံမူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။