မြစ်သားမြို့နယ်တွင် ဆင်းရွှေကြာ(၂)နေကြာ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆင်းရွှေကြာ(၂)နေကြာစိုက် တောင်သူများအနေဖြင့် နေကြာသီးနှံထွက်ရှိချိန်တွင် အထွက်နှုန်းကောင်းပြီး စျေးကောင်းရ၍ အဆင်ပြေနေကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/ သူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်နိုင်ရေး အတတ်ပညာ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အခြေခံပညာအထက်တန်း ကျောင်းကြာကန်၌ အလယ်တန်း အဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/ သူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်နိုင်ရေး အတတ်ပညာ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

မံစီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် မူကြိုကျောင်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ပညာရေးစုံ ညီပွဲတော်နှင့် မူကြိုကျောင်းဆင်းပွဲကို ဇန်နဝါရီ ၂၃ ရက် နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်း ကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် အ.ထ.က (ရေလဲတောင်စု) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများဗလငါးတန် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က (ရေလဲတောင်စု) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့၌ မြတောင်စာသင်တိုက် နှစ်ငါးဆယ်ပြည့် ရွှေရတုပွဲတော် သမိုင်းမော်ကွန်း ကျောက်စာဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ မြတောင်စာသင်တိုက် နှစ်ငါးဆယ်ပြည့် ရွှေရတု ပွဲတော် သမိုင်းမော်ကွန်းကျောက်စာဖွင့်ပွဲ အခမ်းအနားကို ၁၃၈၅ ခုနှစ်၊ ပြာသိုလဆန်း (၁၄)ရက်၊ ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့ ကံ့ကော်မြိုင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပညာရေး စုံညီပွဲတော် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကံ့ကော် မြိုင်ကိုယ်ပိုင် အထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီ ၃၀  နာရီအချိန်ခန့် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to