ပေါက်ခေါင်း အောက်တိုဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ တောင်သူများအနေဖြင့် ဒေသတွင်းစာသုံးဆီဖူလုံပိုလျှံရန်အတွက် လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၁၅၂၃ ဧက စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ဒုတိယပတ်မှစတင်ပြီး ဆောင်းသီးနှံစံပြစိုက်ခင်းများစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ယခင်နှစ် ဆောင်းသီးနှံစံပြစိုက်ခင်း နေကြာသီးနှံကို ဘန့်ပြင်ကျေးရွာ တောင်သူဦးထွန်းထွန်း၏ ယာမြေ ၂ ဧကတွင် စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ နေကြာ(၁၃၅၀)ဧက၊ မြေပဲ(၅၇၁၉)ဧကနှင့် နှမ်း(၄၄၅၄)ဧက စုစုပေါင်း(၁၁၅၂၃)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံအထွက်တိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့် မျိုးစေ့၊ စိုက်ပျိုးရေးနည်းပညာနှင့် အထောက်အပံ့များကို တာဝန်ရှိသူများမှ ပံ့ပိုးကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)