ကျိုင်းတုံမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ရိက္ခာခြောက်နှင့်အဝတ်အထည်များ ထောက်ပံ့ပေး

ကျိုင်းတုံ အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ရိက္ခာခြောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများမှုဖြစ်ပွားခဲ့သည့် ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့် ပြည်သူများအတွက်   ရိက္ခာခြောက်နှင့် အဝတ်အထည်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)