မွန်ပြည်နယ်ဝန်ကြီးချုပ် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းလုပ်အားဒါနပြုခြင်းများဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

(၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများစုပေါင်းကာ ယနေ့နံနက် ၇ နာရီအချိန်က မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်းရှိ လောကသရဖူဘုရားနှင့် လောကထိပ်ခေါင်ဘုရားဝန်းအတွင်း၌အများ ပြည်သူတို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ရေး စုပေါင်းလုပ်အားဒါနပြု သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

သာပေါင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်လုံခြုံရေးအတွက် ကြပ်မတ်စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုံခြုံရေးအတွက် ယမန်နေ့နံနက် ၉ နာရီအချိန်က လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာရှိ မိဘမေတ္တာစက်သုံးဆီဆိုင်နှင့် ရေသန့်စက်ရုံသို့ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က အသိပညာပေးကြပ်မတ်စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူမှု ရာခိုင်နှုန်းပြည့် ပြီးစီးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူမှု ရာခိုင်နှုန်းပြည့် ပြီးစီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်သန်း‌ခေါင်းစာရင်းကော်မတီထံမှ သိရသည်။

လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ပူပေါင်း၍ ကလောင်စုံရေးသားထားသည့် " လူငယ်နှင့် အောင်မြင်မှုပန်းတိုင်ဆီသို့"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ အနာဂတ်၏မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရန်နှင့် ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်လာစေရန် ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတက္ကသိုလ်ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည့်ရှုအားပေး

ပဲခူးမြို့နယ် သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဥ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ ကြည့်ရှုအားပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

အိမ်မဲမြို့နယ် အ.ထ.က (၂) တွင် ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဥ် ၃/၂၀၂၄ သင်တန်းဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၂) ကျောင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ကျင်းပသည့် ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဥ် ၃/၂၀၂၄ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ကျင်းပခဲ့သည်။

လွိုင်လင်မြို့နယ်အတွင်း သဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်များနှင့် မိသားစုဝင်များအတွက် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များနှင့်မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to