ပဲခူးတက္ကသိုလ်ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည့်ရှုအားပေး

ပဲခူး အောက်တိုဘာ ၂၆

ပဲခူးမြို့နယ် သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဥ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက် နာရီအချိန်က ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ စုပေါင်းသန့်‌ရှင်းရေးဆောင်ရွက်ခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့က ပဲခူးတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပိတ်ဆို့နေသော ရေနှုတ်မြောင်းများတူးဖော်ခြင်း၊ အမှိုက်သရိုက်များအား ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)