လွိုင်လင်မြို့နယ်အတွင်း သဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်များနှင့် မိသားစုဝင်များအတွက် ထောက်ပံ့ပေးအပ်

လွိုင်လင် အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များနှင့်မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်က ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ရာဂိမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသည့် ရေဘေးကြောင့်ပျက်စီးသွားသည့် နေအိမ်များနှင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ပေးအပ်ခြင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသည့် ပျက်စီးသွားသည့် အိမ်(၆၅)အိမ်အတွက် တစ်အိမ်လျှင် (၂၃၅၀၀၀၀/-)(ကျပ်နှစ်ဆယ့်သုံးသိန်းငါးသောင်းတိတိ)ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့် ၊ မြို့နယ်ဥက္ကဋ္ဌဦးသိန်းထွဋ်နှင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ခင်သန္တာရွှေနှင့်တာဝန်ရှိသူများကလည်းကောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှပေးပို့လာသည့် ဆန်နှင့်ထောက်ပံ့ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များကလည်းကောင်းအသီးသီး ပေးအပ်ရာ သဘာဝဘေးသင့်ပြည်သူများက လက်ခံရယူကြသည်။

 ယနေ့ထောက်ပံ့ပေးအပ်မှုတွင် သဘာဝဘေးကြောင့်ပျက်စီးသည့် နေအိမ်(၆၅)လုံးအတွက် တစ်အိမ်လျှင် (၂၃၅၀၀၀၀/-)(ကျပ်နှစ်ဆယ့်သုံးသိန်းငါးသောင်းတိတိ)ဖြင့် စုစုပေါင်းကျပ်သိန်း ၁၅၀၀ ကျော်၊ ဆန်အပါအဝင်ထောက်ပံ့ပစ္စည်း(၂၅)မျိုးတို့ဖြစ်ကြောင်းနှင့် အဆိုပါထောက်ပံ့ပစ္စည်းများသည်ကမ္ဘောဒီးယား၊ ဂျပန်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံများမှ ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်း၊ လွိုင်လင်မြို့နယ်တွင် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းမှုသည် စတုတ္ထအကြိမ်လှုဒါန်းခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ခရိုင်ပြန်/ဆက်