တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် မြိတ်ခရိုင်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၉)နာရီက မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ဥပဒေရုံးသို့ ရောက်ရှိပြီး ကျရောက်ဆဲ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့သည့် ကျွန်းစုမြို့နယ်ဥပဒေရုံး၊ မြေထိန်းနံရံတည်ဆောက်ပြီးစီးမှု အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဒိုက်ဦးမြို့၊ အိမ်ခြေလေးဆယ် အ.ထ.ကကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ဒိုက်ဦးမြို့နယ်၊ အိမ်‌ခြေလေးဆယ်အ.ထ.ကကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”ပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား ပြည်နယ်အဆင့်အသိပေးရှင်းလင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ ကိုစံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကိုပုံနှိပ် ဖော်ပြခြင်းဆိုင်ရာအမိန့်”ပါ ပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား ရှမ်းပြည် နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်(၂၁)မြို့နယ်မှ ခရိုင်/ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများနှင့်  အခြေခံကျန်းမာရေးဝန်ထမ်းများအား အသိပေးရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသက်(၅၀)နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား Medical Checkup ဆောင်ရွက်ခြင်း အစီအစဉ်ကို ပုသိမ်ပြည်သူ့ဆေးရံကြီးတွင် ပြုလုပ်ဆောင်ရွက်ပေး

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အသက်(၅၀)နှစ်နှင့် အထက် ကျန်းမာရေးဝန်ထမ်းများအား Medical Checkup ဆောင်ရွက်ခြင်း အစီအစဥ်ကို ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်း၊ Unique ID ထုတ်ပေးခြင်းလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦးမှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆက်လက်‌ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်း၊ Unique ID ထုတ်ပေးခြင်းလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ အဖွဲ့များခွဲ၍ နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။

ပင်လုံမြို့၌ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

မင်းလှမြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေနံနက်(၉)နာရီခွဲက မြို့နယ်ပညာ‌ရေးမှူးရုံးတွင် ကျင်းပရာ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

လမ်းမတော်မြို့နယ် ၂၀၂၄ ခုနှစ်ပညာရေးစုံညီပွဲတော်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ ၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစွမ်းအားခန်းမ၌ ကျင်းပရာ လမ်းမတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလွင်နှင့်တာဝန်ရှိသူများ၊ လမ်းမတော်မြို့နယ်ပညာရေးမှူး ဆရာကြီးဦးညွန့်ဝင်း၊ လမ်းမတော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းအုပ်ကြီးများ၊ လမ်းမတော်မြို့နယ်အတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အုတ်ဖိုမြို့နယ် မြို့မဈေး မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နေ့လည် ၂ နာရီက ပြုလုပ်ခဲ့ကြသည်။
Subscribe to