ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (ကလောခရိုင်) လမ်းပိုင်း ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း(ကလောခရိုင်) လမ်းပိုင်း ပြုပြင်နေမှုအား ယမန်နေ့ ညနေ ၃ နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။