ကန့်ဘလူခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားရရှိစေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ဝန်ထမ်းများစုပေါင်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် (၇/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် (၇/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့ပေါ်အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား ဖိတ်ခေါ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအတွင်း၌ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကျင်းပ

‌မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင်ရပ်ကွက်ကန်ပတ်လမ်းရှိ ကန်တော်ကြီးအတွင်း၌ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ (၇-၁၁-၂၀၂၄)ရက်နေ့တွင်ကျရောက်မည့် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဖြင့် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ပွဲနှင့် ကွင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ပွဲနှင့် ကွင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရွာခိုင်ကြီးကျေးရွာအုပ်စု၊ ထားဝယ်အင်းကျေးရွာ ကွင်းအမှတ်(၆၄၃)၊ ဦးပိုင်အမှတ်(၂၉) တောင်သူ ဦးလှညွှန့်၏ ဝါစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့၌ လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ခ.လ.ရ(၈၈)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အားကစားခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to