ပုဇွန်တောင်မြို့နယ်၌ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးလောင်မှုဖြစ်ပွားလာပါက အချိန်မီ မီးငြှိမ်းသတ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကင်းဝေးရေး လိုက်လံအသိပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့်မီးဘေးအန္တရာယ်များကို ကြိုတင်၍ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်မှုများကို ယမန်နေ့ညနေပိုင်းက ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အသိပေးရှင်းလင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများ၊ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်ပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား ပြည်နယ်အဆင့်အသိပေးရှင်းလင်းခြင်းကို ဇန်နဝါရီ ၂၄ ရက်က ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲနည်းပညာပေးသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်သမျှသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီရရှိစေရန်၊ သီးနှံများတွင် အသုံးပြုလျက်ရှိသော ဓာတုပိုးသတ်ဆေးနှင့် ဓာတုမြေဩဇာများ ဈေးနှုန်းကြီးမြင့်နေမှုအပေါ် ကုစားမိစေရန်၊ သဘာဝပိုးသတ်ဆေး၊ သဘာဝမြေဩဇာများကို တောင်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာစေရန်နှင့် သဘာဝပိုးသတ်ဆေး၊ သဘာဝမြေဩဇာများကို တောင်သူများ တွင်တွင်ကျယ်ကျယ်သုံးစွဲလာခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိ၍ ဝင်ငွေတိုးတက် လာစေရန်တို့အတွက် ရည်ရွယ်၍ ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာရင်းအင်း အရည်အသွေးပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော စာရင်းအင်းအရည်အသွေး ပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်နေ့က ပျဉ်းမနားခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးဝန်းအတွင်းရှိ သီးနှံအထွက်နှုန်း အကဲဖြတ်စင်တာ (Crop Yield Assessment Center) ၌ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်၌ နွေစပါး(Drum Seeder) လက်ဆွဲကောက်စိုက်စက်ကိရိယာဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ တိုက်ရိုက်စပါး မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးခြင်းကို ယမန်နေ့က ကွင်းအမှတ်(၉၁၄ က)ညောင်ကုန်းကွင်း၊ ဦးပိုင်အမှတ် ၁၆၃/၁၊ တောင်သူဦးထွန်းစိုး၏ လယ်မြေ(၁)ဧကတွင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မင်္ဂလာဒုံခရိုင် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် သီးစားပြောင်းဖူးများစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်း လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်းများနှင့်တွဲဖက်၍ ဆောင်းသီးနှံတစ်မျိုးဖြစ်သော သီးစားပြောင်းဖူးပင်များ တစ်ပိုင်တစ်နိုင် နှစ်စဉ်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းကို ယမန်နေ့က သဲကုန်းမြို့နယ်၊ ​ထန်းရင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to