လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

စဉ့်ကိုင် အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ပူပေါင်း၍ ကလောင်စုံရေးသားထားသည့် " လူငယ်နှင့် အောင်မြင်မှုပန်းတိုင်ဆီသို့"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယကဦးသန်းအောင်က အဆိုပါစာအုပ်မှ စာရေးဆရာလူခါးရေးသားသည့် "ကြယ်ဖမ်းသမား" ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး (Book Club)ဥက္ကဋ္ဌ  ဦးသန်းဝင်းက စာရေးဆရာ ဟမ်စိုင်း (ဆေး-မန်း) ရေးသားသည့် "ပျော်ရွှင်ခြင်းဆီသို့" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အတွင်းရေးမှူး ဦးတိုက်ကြည်(တရားလွှတ်တော်ရှေ့နေ)က စာရေးဆရာပီတိ(ပေကြီး) ရေးသားသည့် "အောင်မြင်သောလူငယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် (Book Club )အဖွဲ့ဝင်များကလည်း မိမိတို့၏ အတွေးအမြင်ရသများအား အသီးသီးပါ၀င်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)