မန္တလေးနည်းပညာတက္ကသိုလ်၌ လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ်ရှိ စုဝေးခန်းမ၌ ကျင်းပသည်။

သရက်မြို့၌ (၇၆)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင် (၆၀)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၇၆)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ယနေ့ နံနက်(၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အလုံမြို့နယ်၌ သက်ကြီးဘိုးဘွားများအား သွေးတိုးနှင့်ဆီးချိုရောဂါ စစ်ဆေးကုသမှုပေးခြင်းများဆောင်ရွက်

ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား သွေးတိုးနှင့် ဆီးချိုရောဂါ စစ်ဆေးကုသမှုပေးခြင်းကို ယ​နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ် ယန်းကောင်ကျေးရွာအုပ်စု၊ တောင်ပေါ်ဒေသကျေးရွာများသို့ ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ ယန်းကောင်ကျေးရွာအုပ်စု၊  တောင်ပေါ်ဒေသကျေးရွာများသို့ ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး၊ တရားဉပဒေစိုးမိုးရေးအတွက်  ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ  ကျေးရွာနေပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက နမ့်ခေးမိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စတင်ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ယာသီးနှံ(၁၁၁၀)ဧကစိုက်ပျိုးရန် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျောက်ဆည်ဘဏ်ခွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၆)အုပ်စု၊ လူဦးရေ(၂၃၉)ဦးအား ယာသီးနှံ(၁၁၁၀)ဧက စိုက်ပျိုးနိုင်ရန် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့နံနက်ပိုင်းက တောင်သူများအား စရိတ်ချေးငွေကျပ်သိန်း(၁၁၁၀)ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ကြသည်။

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အိမ်သုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူငယ်လူရွယ်များ လက်မှုအတက်ပညာများ တက်မြောက်စေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် တက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အိမ်သုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

မိုင်းယောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ပြင်ဦးလွင်မြို့နယ်၊ ခိုင်သဇင်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် ပန်းစိုက်တောင်သူများအတွက် သွင်းအားစုများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ခိုင်သဇင်လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်ရှိ ပန်းစိုက်တောင်သူများအတွက် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် သွင်းအားစုများကို ယမန်နေ့နံနက်ပိုင်းကပေးအပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့နံနက် (၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
Subscribe to