ချောင်းသာမြို့၌ မီးဘေးကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် မီးဘေးကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ယနေ့နံနက် ၁၁ နာရီက တာဝန်ရှိသူများအဖွဲ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။