ချမ်းအေးသာစံအနောက်ရပ်ကွက်၊ သာသနာလင်္ကာရ ဝါးတန်းဓမ္မာရုံ၊ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်နှင့် ဓမ္မာရုံရေစက်ချပွဲပြုလုပ်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ သာသနာလင်္ကာရ ဝါးတန်းဓမ္မာရုံ၊ ဗုဒ္ဓရုပ်ပွားတော် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းမင်္ဂလာနှင့် ဓမ္မာရုံရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၈)ရက်၊ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၉ နာရီက ၂၉(A)လမ်း၊ ၈၄×၈၅ လမ်းကြားရှိ အဆိုပါသာသနာလင်္ကာရ ဝါးတန်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲ (၁၀) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲကို ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှစ၍ ၁၇ ရက်နေ့အထိ (၁၀) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) တွင် ဆုရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ပွဲကျင်းပ

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဆုရရှိခဲ့သူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ တိုင်းဒေကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
Subscribe to