လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်ပြပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်များစာပေဖတ်ရှုမှုတိုးတက်မြင့်မားလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့ကကျင်းပခဲ့သည်။

ကဝမြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အ.ထ.က(မကျက်ကြီး) ကျောင်း၌ကျင်းပခဲ့သည်။

ပခုက္ကူမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ကွက်အားလုံး ရာနှုန်းပြည့်ကောက်ယူပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ ၁၀ ရက်နေ့မှစတင်၍ စဉ်ဆက်မပြတ်ကောက်ယူလျက်ရှိရာ ယခုအခါကောက်ကွက်အားလုံးရာနှုန်းပြည့် ကောက်ယူပြီးစီးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးထံက သိရသည်။

စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်‌၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်‌စွာအောင်မြင်ခဲ့ကြသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဉ္စမတန်းမှ နဝမတန်းထိ (A)အဆင့်ဖြင့် ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါ‌ကျောင်းနှင်းဆီခန်းမတွင် ကျင်းပသည်။

အ.ထ.က ကျိုက်မရော၌ အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် (စွမ်းရည် )ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတန်းလိုက် အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီ က အ.ထ.က ကျိုက်မရောကျောင်း၌ ကျင်းပသည်။

မအူပင်မြို့ အ.ထ.က(၂)ကျောင်း၌ အသိပညာပေးနံရံကပ်စာစောင်များ နယ်လှည့်ကွင်းဆင်းပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေးနှင့် မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ် စာစောင်များပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ရေဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပရာ ကျောင်းသား/သူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ"သီချင်းဖြင့် သီဆိုကာအခမ်းအနားကို စတင်ခဲ့သည်။

စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေး အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to