ကျုံပျော် နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စုပေါင်းစပါးရိတ်သိမ်းပွဲ အခမ်းအနားကို ကျုံပျော်မြို့၊ မြေရဲတောင်အုပ်စု၊ တောင်သူဦးတင်ရှိန်၏ လယ်ယာမြေအတွင်း၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်ထိုက်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စုပေါင်းစပါး ရိတ်သိမ်းပွဲ ဆောင်ရွက်နေမှု၊ စပါးအထွက်နှုန်း ရရှိမှုတို့ကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။
ယနေ့ တောင်သူဦးတင်ရှိန်၏ လယ်ယာမြေအတွင်း စိုက်ပျိုးထားသည့် မှော်ဘီ - ၃ (၁၂၅) ရက် စပါးမျိုးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း ဆောင်ရွက်ခဲ့ရာ တစ်ဧက စပါးအစိုအထွက်နှုန်း (၁၂၀)တင်း၊ အခြောက်အထွက်နှုန်း (၁၀၅.၆) တင်း ထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)