မိတ္ထီလာမြို့နယ်တွင် ဆောင်းနေကြာ စိုက်ဧက   ၁၉၀၅ ဧက စိုက်ပျိုးရန် သတ်မှတ်လျာထား

မိတ္ထီလာ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၌ ဆောင်းနေကြာ စိုက်ဧက ၁၉၀၅ဧကစိုက်ပျိုးသွားရန် သတ်မှတ်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် စားအုန်းဆီ တင်သွင်းမှု လျော့ချနိုင်ရေးတို့ အတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာတို့ကို တိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာစိုက်ဧက ၁၉၀၅ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး မြို့နယ်အတွင်း နေကြာစိုက်ဧကများ သတ်မှတ်လျားထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ သတ်မှတ်လျာထားစိုက်ပျိုးဧကများ ပြည့်မီရေး တိုင်းဒေသကြီး အစီအစဉ်ဖြင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးတောင်သူများအား  နေကြာမျိုးစေ့အိတ်များအား အခမဲ့ ပေးအပ်လျက်ရှိကြောင်း   သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)