ရှမ်းရွာသစ် နိုဝင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ် ဇင်မိုးအေးနှင့် စာထောက်-၃ဒေါ်နော်မုနော်ဂေတို့က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လိုက်နာရမည့်အချက်များ ၊သစ်တောသစ်ပင်ထိန်းသိမ်း ခြင်းဆိုင်ရာသိကောင်းစရာများကို ကျောင်းသား/သူများအား စကောကရင်၊ မြန်မာနှစ်ဘာ သာဖြင့် အသိပညာပေးဟောပြောပြီးနောက် သဘာဝဘေးအန္တရာယ်များဖြစ်သော မြေပြိုဘေး၊ ငလျင်ဘေး ရေဘေးအသိပညာပေးအချက်များ ပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူ လူငယ်လေးများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)