စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုနှစ် မိုးသီးနှံ မြေပဲ ၃၆၆၄၉၁ ဧက ရိတ်သိမ်းပြီးစီး

မုံရွာ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၁၄)ခရိုင်ရှိသည့်အနက် ခရိုင် (၉) ခရိုင်၌ ယခုနှစ် မိုးသီးနှံမြေပဲ ၃၇၁၈၇၈ ဧက လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ၃၆၆၄၉၁ ဧက ရိတ်သိမ်းပြီးစီးကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးမြေပဲများစိုက်ပျိုးရာတွင် မြေပဲမျိုးများဖြစ်သည့် မကွေး-၁၀၊၁၁၊၁၆၊ ဆင်းပဒေသာ-၇၊၁၁၊ SP 121၊  တွန်တာနီ မြေပဲမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ မိုးမြေပဲစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဉးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မိုးမြေပဲများကို တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်တွင် ၈၁၅၅ ဧက၊ မုံရွာခရိုင်တွင် ၆၃၁၄၆ ဧက၊ ယင်းမာပင်ခရိုင်တွင် ၃၃၄၄၂ ဧက၊ ရွှေဘိုခရိုင်တွင် ၇၄၃၅၃ ဧက၊ ရေဦးခရိုင်တွင် ၈၂၂၆၆ ဧက၊ ကန့်ဘလူခရိုင်တွင် ၅၈၈၄၂ ဧက၊ စစ်ကိုင်းခရိုင်တွင် ၅၀၉၃၂ ဧက၊ ကသာခရိုင်တွင် ၇၄၄ ဧက၊ ကောလင်းခရိုင်တွင် ၉၈ ဧက၊ စုစုပေါင်း ၃၇၁၈၇၈ ဧကကို  မေလဆန်းမှ စတင်စိုက်ပျိုးနိုင်ခဲ့ပြီး အောက်တိုဘာလကုန်အထိ ၃၆၆၄၉၁ ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း ၄၄ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် စုစုပေါင်း မြေပဲတင်းပေါင်း ၁၆၄၂၀၅၂၂ ထွက်ရှိကာ ကျန်ရှိမိုးမြေပဲများကို နိုဝင်ဘာလကုန်အထိ ဆက်လက်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)