တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေရောင်တော်ဘုရားကြီးတွင် ရှင်အပါး ၅၀၀၀ ရှင်ပြုအလှူပြုလုပ်ရန် မြေနေရာများရှင်းလင်းခြင်း လိုက်လံကြည့်ရှုစစ်ဆေး

တောင်တွင်းကြီး ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရှေ့ဟောင်းသမိုင်းဝင် ရွှေရောင်တော်စေတီတော်မြတ်ကြီးတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုလှူဒါန်းမှုပြုလုပ်ရန် မြေနေရာများ ရှင်းလင်းခြင်းဆောင်ရွက်နေမှုများကို ယမန်နေ့နေလယ် () နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည်ရှုခဲ့ကြောင်း သိရပါသည်။

မြေနေရာရှင်းလင်းခြင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ သစ်ပင်များ ခုတ်ထင်ရှင်းလင်းခြင်း၊ မြေသားများ ညီညာမှုရှိစေရန် စက်ယန္တာရားများဖြစ် ထွန်ယက်ခြင်း၊ မြေနေရာသတ်မှတ်၍ အလံများစိုက်ထူခြင်း၊ ဆည်ဟောင်းများအား ပြန်လည်ပြုပြင်တူးဖော်ခြင်း၊ ရေတွင်းရေကန်များအား ပြုလည်ပြုပြင်ခြင်း၊ သန့်စင်ခန်းများတည်ဆောက်နိုင်ရန် မြေရှင်းလင်းခြင်း၊ ရေတွင်းများတူးဖော်ခြင်း၊ စျေးဆိုင်ခန်းများထားရှိရန် စနစ်တကျ သတ်မှတ်ပေးထားခြင်း၊ ချက်ပြုတ်ရန် မြေနေရာနှင့် ထင်းမီးပြုလုပ်ရန် ထင်းများအား စနစ်တကျ သုံးစွဲနိုင်ရန် ထားရှိခြင်းစသည်တိုကို လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)