(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၆

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ပေါင်းစုံ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားတက္ကသိုလ်သုတေသနဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲများကျင်းပရာတွင် မြစ်ကြီးနားတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက "ပြည်ထောင်စုကြီးအဓွန့်ရှည်ဖို့ တို့သွေးချင်းတွေ ညီညွတ်စို့" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်တွင် ကျောင်းသား၊ ကျောင်းသူ(၄၈)ဦးနှင့် "စည်းလုံးမှုကိုသက်သေတည် ပြည်ထောင်စုနေ့ဂုဏ်ရည်" ခေါင်းစည်ဖြင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၄)ဦးတို့က ပါဝင်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကျင်းပရာသို့ မြစ်ကြီးနားတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာဇင်မာလတ်နှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)