မော်လိုက် ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က တပ်ဦးဘုန်းတော်ကြီးပညာသင်ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (ဘ.ကကျောင်း) မှ ဆရာဦးသိန်းဆွေဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်က ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဆရာတစ်ဦးမှ လက်ခံရယူခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော “(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်” သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦ:စီးဌာနမှ “(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်” နံရံကပ်စာစောင်နှင့် “ကလေးအလုပ်သမားပေပျောက်ရေး”၊ “ကလေးသူငယ်စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေး”၊ “လူငယ်နှင့်မူးယစ်ဆေး” စသည့် ခေါင်းစဉ်များဖြင့် ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)