မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဖွင့်ပွဲ ကျင်းပ

မြစ်‌ကြီးနား ဖေဖော်ဝါရီ ၆

မြစ်ကြီးနားတက္ကသိုလ်၌ ကျောင်းသား/သူများ ခန္ဓာကိုယ်ကျန်းမာကြံခိုင်စေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံး(အမျိုးသာ/အမျိုးသမီး) ပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ရှိ ဖူဆယ်ဘောလုံကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း‌ပြောကြားပြီး ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ရာ ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက လက်ခံရယူခဲ့သည်။

ထို့နောက် ဖူဆယ်ဘောလုံး(အမျိုးသား) အဖွင့်ပွဲစဉ်အဖြစ် ဓာတုဗေဒဘာသာရပ်အသင်းနှင့် ရူပဗေဒဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဓာတုဗေဒအသင်းက (၂) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲတွင် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ အမျိုးသား ဖူဆယ်ဘောလုံးအသင်း (၉)သင်းနှင့် အမျိုးသမီး ဖူဆယ်ဘောလုံးအသင်း (၇)သင်းတို့က ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)