တာလေ ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်းကျန်းမာရေးဌာနမှ အသက်(၅)နှစ်ပြည့်ပြီး အသက်(၇)နှစ်မကျော်သော Kindergraten(KG)အတန်းတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ် ဆေး(DT) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ပါလိုင်)၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မိုင်းလင်းကျန်းမာရေးဌာနမှ ဆရာမကြီး ဒေါ်နန်းဆွန်နွန်းဉီးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာအလယ်တန်းကျောင်း(ပါလိုင်)မှ အသက်(၅)နှစ်ပြည့်ပြီး အသက်(၇)နှစ်မကျော်သော KG အတန်းမှ ကျောင်းသား၊ ကျောင်းသူ(၁၄)ဉီးအား သက်ဆိုင်ရာ ဆေးထိုးကတ်ပြားတွင် စနစ်တကျ စာရင်းရေးသွင်းပြီး ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး (DT)ထိုးနှံပေးကာ မိနစ် ၃၀ ခန့်စောင့်ကြည့်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး ဟောပြောပြီး သံချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)