မြစ်သား ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့တွင်ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြစ်သားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူးဦးဇော်နိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်မင်းကျော်နှင့်ဝန်ထမ်းများ၊ ကူမဲမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကဦးဆောင်၍ ကူမဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးလန့်မှုနှင့်မီးလောင်မှုများမဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများ၊ မီးသတ်ဆေးဗူးများအသင့်ထားရှိစေပြီး မီးသတ်ဆေးဗူးများ လေပေါင်ရှိ/ မရှိတို့ကိုစစ်ဆေး၍ မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို အသိပညာပေးကာလိုက်လံစစ်ဆေးဆောင်ရွက်ပြီး လိုအပ်သည်များကို လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)