ကျောက်ဆည်မြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ အမျိုးသားနေ့ဖြစ်ပေါ်လာပုံများ၊ အမျိုးသားရေးစိတ်ဓာတ်များ ကိန်းအောင်စေရေး အသိပညာပေးဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများကို နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။