မြိတ်မြို့တွင် (၉၄) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပူဇော်ပွဲတော်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက်ဘုရားငါးဆူကွင်းတွင် ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍  အစဉ်အလာမပြတ် ကျင်းပလျက်ရှိသော (၉၄) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲတော်သည် ပွဲတော်ရက်များအတွင်း ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ပြည်မြို့နယ်တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ လေးထပ်ပြင်ဖူဆယ် ဘောလုံးအားကစားကွင်း၌ ယမန်နေ့ နံနက်ပိုင်းက ဖူဆယ်​ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

မင်းဘူးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ၏ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က မင်းဘူးမြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဥပဒေအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်နေ့က အ-ထ-က မိုင်းဆတ်ကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာမြို့တွင် (၃၁) ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၃၁)ကြိမ်မြောက် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကသာမြို့၊ ပြည်သာယာကျေးရွာအုပ်စု မူလတောရကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာငှားခြင်းနှင့် စာအုပ်ပြပွဲ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် အ​ခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာငှားခြင်းနှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ဝမ်းတွင်းမြို့နယ်တွင် စတုတ္တအကြိမ်မြောက် မိုးပေါ်ကျစုပေါင်း မဟာဘုံကထိန်ပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ အလှူရှင်များ ပါဝင်လှူဒါန်းသော စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့နယ် ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်‌ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို နို၀င်ဘာ ၁၃ ရက်နေ့ နံနက် (၉)နာရီက ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

တမူးမြို့တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးမျိုးစေ့၊ ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးမျိုးစေ့၊ ပျိုးပင်များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၊ ပေါက်ကုန်းရွာသစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေတောကျေးရွာအုပ်စု၊ ပေါက်ကုန်းရွာသစ်ကျေးရွာတွင် တတိယအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
Subscribe to