မိုင်းဆတ် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဥပဒေအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်နေ့က အ-ထ-က မိုင်းဆတ်ကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ဥပဒေအရာရှိ ဦးနိုင်လင်းက သောင်းပြောင်းထွေလာ ဥပဒေအတိုအထွာများ ခေါင်းစဉ်ဖြင့် ဥပဒေဆိုင်ရာ စည်းကမ်းများနှင့် လိုက်နာရမည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ဥပဒေအရာရှိ ဦးကောင်းထက်မင်းမှ နိုင်ငံသူ၊ နိုင်ငံသားများ လိုက်နာရမည့် ဥပဒေများအကြောင်းနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် လိုက်နာကျင့်ကြံနေထိုင်ရမည့် ဥပဒေအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီးနောက်၊ အ-ထ-က ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေးမှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်ဥပဒေအရာရှိ ဦးနိုင်လင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးကောင်းထက်မင်း၊ အ-ထ-က ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေးနှင့်ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လင်းထင်ကျော်(မိုင်းဆတ်)