ပြည် နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ လေးထပ်ပြင်ဖူဆယ် ဘောလုံးအားကစားကွင်း၌ ယမန်နေ့ နံနက်ပိုင်းက ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဖူဆယ်ဘောလုံးဗိုလ်လုပွဲကို အောင်ဆန်းပြည်သာရပ်ကွက်အသင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲအသင်းတို ယှဥ်ပြိုင်ကစားကြရာ အောင်ဆန်းပြည်သာရပ်ကွက်အသင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အသင်းကို ၃ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိပြီး ပထမဆုဖလားကို ရရှိခဲ့သည်။
ထိုနောက်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက အသန့်ရှင်းဆုံး ဘောလုံးသမားဆုကို နဝင်းရပ်ကွက် (က)အသင်းမှ ကျောနံပါတ် (၁၀) မောင်အားယားယား ကိုလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆုကို ပြည်သာယာရပ်ကွက်မှ ကျောနံပါတ် (၁) မောင်စွမ်းဆင့်ကို လည်းကောင်း၊ အကောင်းဆုံးဘောလုံးသမားဆုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အသင်းမှ ကျောနံပါတ် (၇၇)မောင်သီဟဇော်တို့ကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တတိယဆု ရရှိသော နဝင်းရပ်ကွက် (က)အသင်းအားဆုတံဆိပ်၊ ငွေသားဆုငွေ (၂)သိန်းကျပ်နှင့် ဆုဆွဲပြားများကို ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၁)ဗိုလ်မှူး ကြည်လင်က လည်းကောင်း၊ ဒုတိယဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ အသင်းအားဆုတံဆိပ်၊ ငွေသားဆုငွေ (၃)သိန်းကျပ်နှင့် ဆုဆွဲပြားကို ပြည်မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်ဇင်ဦးကလည်းကောင်း၊ ပထမဆုကိုဆွတ်ခူးသွားသော ပြည်သာယာရပ်ကွက် ဘောလုံးအသင်းအား ငွေသားဆု (၄)သိန်းကျပ်၊ ဆုဖလားနှင့် ဆုဆွဲပြားများကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ပေးအပ်ချီးမြှင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြိုနယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ များ၊ အသင်းအုပ်ချုပ်သူများ၊ အသင်းသားများ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြ သည်။
ကိုစိုး(ပြန်/ဆက်)