ကျောက်တံတားမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာငှားခြင်းနှင့် စာအုပ်ပြပွဲ ဆောင်ရွက်

ကျောက်တံတား နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် အ​ခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာငှားခြင်းနှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ကလေးများ ဗဟုသုတ တိုးပွားစေရန်၊ ကျောင်းစာများအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန် နှင့်စာဖတ်သည့်အလေ့အထ ဖြစ်စေရန်ရည်ရွယ်၍ ရုပ်ပြစာအုပ်များ ငှားပေးခြင်းနှင့် ရသစာအုပ်များပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် နယ်လှည့်စာငှားခြင်းလုပ်ငန်း​၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်များ ပြသခြင်းလုပ်ငန်းများကို လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)