မင်္ဂလာဒုံမြို့နယ်၌ နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း အမှတ် (၄/၂၀၂၄/ရက) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ နည်းစနစ်ကျ မေထုန်မဲ့သားစပ်တတ်သူများ တိုးပွားစေရန်နှင့် မေထုန်မဲ့သားစပ်နည်းဖြင့် နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွားနှင့်ဆိတ်မေထုန်မဲ့ သားစပ်သင်တန်းအမှတ်(၄/၂၀၂၄/ရက) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်မွေးမြူရေးခြံများနယ်မြေ၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (C.T.M.E) အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (C.T.M.E) အခမ်းအနားကို ယမန်နေ့က (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)၌ ကျင်းပသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် အင်္ဂလိပ်စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပညာရေးဌာနနှင့်ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မူလတန်းအဆင့် အင်္ဂလိပ်စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ဧက ၂၀၀၀ကျော် စိုက်ပျိုးအောင်မြင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ ကျေးရွာများတွင် ဖူးစားပြောင်းစိုက် တောင်သူများသည် ယခုနှစ်တွင် ဧက ၂၁၀၀ ဧက စိုက်ပျိုးထားကာ အောင်မြင်ဖြစ်ထွန်းပြီး ပြောင်းဖူးဈေး ကောင်းသောကြောင့် တွက်ချေကိုက်ကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။

အုတ်တွင်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ နှစ်စဥ်ကျင်းပမြဲဖြစ်သည့်(၈၂) ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နိုဝင်ဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးလမ်းရပ်ကွက်ရှိ ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့်၊ ဘုန်းတော်တင့်၊ ဘုန်းတော်မြင့် စေတီတော်မြတ်ကြီးရှေ့၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့၌ ရေဘေးသင့် ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းအား နဝကမ္မဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရိုးရာပွဲတော်ကို ဖော်ထုတ်မြှင့်တင် အားပေးခြင်းဖြင့် တပ်ကုန်းမြို့တန်ဆောင်တိုင်ပွဲတော်နှင့်MSME ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ  မြို့နယ် MSME အသင်းနှင့် စေတနာရှင်များစုပေါင်း၍ ရေဘေးသင့်ခံခဲ့ရသောဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းအတွက် နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းပေးအပ်

 ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ထောက်ပံ့ပေးအပ်သည့်စ္စည်းများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ မီးခိုး၊ မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ရာသီဥတုပြောင်းလဲမှု အကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များ စသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို သစ်တောဦးစီးဌာနမှကြီးမှူး၍ အ.ထ.က(သရက်ချောင်း) ပညာရတနာခန်းမတွင် ပြုလုပ်ခဲ့သည်၊၊

ငွေဆောင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁ /၂၀၂၄)  ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပုသိမ်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးတင်ထွဋ် ဦးဆောင်၍ ငွေဆောင်နယ်မြေမီးသတ်စခန်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ငွေဆောင်နယ်မြေ မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့ဌာနဆိုင်ရာများမှ မြို့မစျေးအတွင်းတနင်္ဂနွေနေ့တိုင်း ပလတ်စတစ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအားလိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးကာ လက်ကမ်း စာစောင်များဝေငှ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စိစစ်ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to