အောင်လံမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က အောင်မြေရွှေဝါ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (ကျောက်တိုင်ဝန်း) ၏ ကျောင်းဆင်းပွဲနှင့် စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (ကျောက်တိုင်ဝန်း) ၏ ကျောင်းဆင်းပွဲနှင့် စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲကို ယမန်နေ့ နံနက် (၉)နာရီတွင် ကျင်းပခဲ့သည်။

ဘားအံမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မိဇံမွေးမြူရေးဇုန်ဖွင့်လှစ်

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စုစုပေါင်းငွေကျပ် ၂၃၅၉ ဒဿမ ၁၅၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားသော ဘားအံမြို့နယ်၊ မိဇံဝက်နှင့် ဆိတ်မွေးမြူရေးဇုန်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီက စက်မှုဇုန်အနောက်ဘက် မိဇံကျေးရွာ၊ ပတုပ် စားကျက်ကွင်းနှင့် ပတုပ်တောင်ကွင်းရှိ အဆိုပါမွေးမြူရေးဇုန်တည်နေရာ၌ ကျင်းပခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊လှို င်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော အမှတ်(၆)ရပ်ကွက် ကျန်စစ်သားအိမ်ရာ အတွင်း စိန်ပန်းလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီ၌ ခြံဝင်းအတွင်း ရုံးသစ်ရှေ့၌ ဖဲကြိုးဖြတ်၍ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူတက္ကသိုလ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို တိုင်းရင်းသားရိုးရာ ပဒေသာကပွဲနှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင်တွင် ဆောင်းဆီထွက်သီးနှံမျိုးစုံ (၃၉၀၉၉) ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စားသုံးဆီဖူလုံပိုလျှံရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နှမ်း၊ မြေပဲ၊ နေကြာ စသည့် ဆာင်းရာသီ ဆီထွက်သီးနှံများ စိုက်ပျိုးထားရာ (၃၉၀၉၉)ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာ၌ ပျက်စီးနေသည့် လူနေအိမ်များအတွက် သွပ်၊ ဝါး၊ ထရံ၊ မျောတိုင်များထောက်ပံ့

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း နှင့် ပျက်စီးနေသော လူနေအိမ်များအတွက် သွပ်၊ ဝါး၊ ထရံ၊ မျောတိုင်များ ထောက်ပံ့ပေးခြင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် (၇၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ

စစ်ကိုင်းမြို့တွင် (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏလွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၅) နာခွဲက ရွှေမင်းဝံပန်းခြံအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ကော့သောင်းမြိုတွင်  စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲဝင်များနှင့် စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to