ကျောက်ကြီးမြို့နယ်အတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းပေးအပ်

ကျောက်ကြီး  နိုဝင်ဘာ ၁၈

 ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ထောက်ပံ့ပေးအပ်သည့်စ္စည်းများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

 ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ထောက်ပံ့ပေးအပ်မှုကို ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်နေ့မှ ယနေ့အချိန်အထိ တိုက်ပွဲများကြောင့်မိမိတို့နေထိုင်ရာကျေးရွာများမှနေ၍ တိုက်ပွဲရှောင်နေရသူတပ်ဖွဲ့ဝင်များ၊ တစ်ခြားမြို့ရွာများသို့ တိုက်ပွဲရှောင်ရန်မဖြစ်နိုင်သည့်တပ်ဖွဲ့ဝင်များ၊ ယနေ့ချိန်ထိတိုက်ပွဲများကြားထဲမှ မိမိတို့တတ်နိုင်သည့် လူမူကရုဏာလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြသည့်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေကြသည့်တပ်ဖွဲ့ဝင်များအား blanket၊ mosquito net၊ hygiene parsal၊ dignity kit၊ မားမားဆီချက်ခေါက်ဆွဲ၊ ကွေကာအုပ်၊ စသည့်ပစ္စည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးတို့က ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 အဆိုပါထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၂၄)ဦး တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်