နတ်တလင်းမြို့နယ်တွင် (၄၈)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင်(၄၈)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအား မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီး၏လမ်းညွှန်မှု ဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ ၄၅၉ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ ၄၅၉ ဧကထိ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဟင်္သာတမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ အင်္ဂပိုလမ်းရှိဟင်္သာတခရိုင်မီးသတ်စခန်း၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိအရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါနေရာ၌ကျင်းပပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ်၌အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၄)ဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ် မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (လေ့ကျင့်ရေးမွမ်းမံသင်တန်း၁/၂၀၂၄) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖောင်းပြင်မြို့တွင် အလွတ်တန်းဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲများ ကျင်းပ

‌ဖောင်းပြင်မြို့ ရွှေဘုန်းပွင့်ဘုရားဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်နှင့် ဒီဇင်ဘာလအားကစားပွဲတော် အမျိုးသား/အမျိုးသမီး အလွတ်တန်းဖိတ်ခေါ်ဖူဆယ်‌‌ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို နို၀င်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ခန္တီးမြို့ ကလေးစာဖတ်ခန်း၌ ပုံတူပန်းချီရေးဆွဲနည်းပြိုင်ပွဲပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာ ဗဟုသုတတိုးပွားလာစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပုံတူပန်းချီရေးဆွဲနည်းပြိုင်ပွဲကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

၁၃၈၆ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ပဥ္စမနေ့မြောက်နေ့ စည်ကား သိုက်မြိုက်စွာဆက်လက်ကျင်းပ

တောင်ကြီးမြို့တွင် ၂၀၂၄ ခုနှစ်၊ (၇၄) ကြိမ်မြောက် တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဝေယာကုန်းသာယာကွင်းတွင် နိုဝင်ဘာလ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ နေ့/ညမီးပုံးပျံပြိုင်ပွဲများ၊ မီးပဒေသာလှည့်လည်ပြိုင်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ ဈေးပွဲတော်များ၊ အရောင်းမြှင့်တင်ရေးပွဲတော်များ၊ တေးဂီတဖျော်ဖြေပွဲများဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပဉ္စမမြောက်နေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိသည်။

ညောင်တုန်းမြို့တွင် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်သော တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ လူဦးရေ (၁၅၀၀၀)အား စတုဒီသာကျွေးမွေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာကျွေးမွေးခြင်းအား နိုဝင်ဘာ ၁၅ ရက်နေ့က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ဝန်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ၌ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲ(နောက်ဆုံးနေ့) နိုင်ငံကျော် အဆိုတော်များဖြင့် တေးဂီတဖျော်ဖြေပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားယာဉ်ရပ်နားကွင်း၌ နိုဝင်ဘာလ(၁၅)ရက်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့၊ ညပိုင်းအချိန်က တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ(နောက်ဆုံးနေ့)နှင့်နိုင်ငံကျော် အဆိုတော်များဖြင့် တေးဂီတဖျော်ဖြေပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to