ကော့မှူးတွင် ပထမအကြိမ် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ ညချမ်းအချိန်၌ ပထမအကြိမ် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို မြို့သစ်ရပ်ကွက် မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ရာဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာ၊ ရန်ကုန် - မော်လမြိုင် ကားလမ်း၏ဝဲဘက်ရှိ ဦးတင့်လွင်(စိစစ်ဆဲ)ပိုင် ရာဘာခြံအတွင်း၌ ဦးမြင့်ကျော် (မှိုင်းခံရုံတာဝန်ခံ)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရာဘာခြံအတွင်း ရာဘာမှိုင်းခံရုံတွင်း ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

တာချီလိတ်မြို့၌ လူငယ်ပရဟိတဂေဟာများရှိ စာကြည့်တိုက်များသို့ ငွေကျပ်(၁၀)သိန်းတန်ဖိုးရှိ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်နေ ဦးတင်နွယ်နှင့် ဇနီးဒေါ်နန်းခမ်းအောင် (စိုင်းလောဝ်ဟိန်းကုမ္ပဏီ)မိသားစုတို့က ငွေကျပ်(၁၀)သိန်း တန်ဖိုးရှိ သုတ၊ ရသ စာအုပ်စာစောင်များအား ယနေ့နံနက်ပိုင်းက ရွှေတောင်တန်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ “မေတ္တာကမ္ဘာ” စာကြည့်တိုက်၊ တာချီလိတ်လူငယ်ပရဟိတဂေဟာရှိ “ပညာအလင်း” စာကြည့်တိုက်နှင့်မြို့နယ်စာရေးဆရာအသင်းရုံးရှိ “နေ့သစ်” ရည်ညွှန်းစာကြည့်တိုက်များသို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်အတွင်း ပြည်တော်အေးစေတီတော်မြတ်ကြီးတန်ဆောင်တိုင်ဘုရားပွဲ‌တော်တွင် ဘုရားဖူးလာပြည်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကား

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သောတန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှစတင်ကာ လပြည့်ကျော် ၈ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုလုပ်၍ ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

တပ်ကုန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက် စုစုပေါင်း ၃၆၃၂ ဧက လျာထားစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီတွင် မီးဖိုချောင်သုံး သီးနှံများဖြစ်သည့် ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက်စုစုပေါင်း ၃၆၃၂ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန်တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော် နောက်ဆုံးနေ့တွင် အပန်းဖြေလာရောက်လည်ပတ်ကြသူများဖြင့် အထူးပင်စည်ကား

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် နိုဝင်ဘာလ(၁၄)ရက်နေ့မှ နိုဝင်ဘာလ (၁၆)ရက်နေ့အထိ ရန်ကုန်တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကိုနေ့စဉ်နံနက် ၈ နာရီမှည(၁၀)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး အဆိုပါပွဲတော်နောက်ဆုံးနေ့ဖြစ်သည့် ယမန်နေ့ညနေပိုင်းအချိန်ကလည်း အပန်းဖြေလာရောက်လည်ပတ်ကြသူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စက်သုံးဆီဆိုင်များအား ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။

ပဲခူးမဟာတန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ ပဲခူးမဟာတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၉ ရက်မှစတင်၍ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
Subscribe to