ငွေဆောင်မြို့ဌာနဆိုင်ရာများမှ မြို့မစျေးအတွင်းတနင်္ဂနွေနေ့တိုင်း ပလတ်စတစ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအားလိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးကာ လက်ကမ်း စာစောင်များဝေငှ

ငွေဆောင်  နိုဝင်ဘာ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စိစစ်ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်နှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယဦးစီးမှူးဦး​​ကျော်ဆွေဦးနှင့်အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် စျေးကော်မတီဝင်များက စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း စျေးရောင်းချသူများအနေဖြင့် အပတ်စဥ်တနင်္ဂနွေနေ့တိုင်းကြွပ်ကြွပ်အိတ်၊ ပလတ်စတစ် အိတ်များအစား အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူတို့ဖြင့် သင့်တော်ရာအစားထိုး ထုတ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများ ပါဝင်ဆောင်ရွက်ပေးနိုင်ရေးနှင့် လိုက်နာဆောင်ရွက်မှုရှိစေရေး လိုက်လံကြီးကြပ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့မစျေးဝင်ဝ၌ စျေးသွားစျေးလာများအား ပလတ်စတစ်မသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျော်လင်းဦး (ပြန်/ဆက်)