ငွေဆောင် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပုသိမ်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးတင်ထွဋ် ဦးဆောင်၍ ငွေဆောင်နယ်မြေမီးသတ်စခန်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ငွေဆောင်နယ်မြေ မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့တွင်ရှိသည့် အဓိကတာဝန်ကြီး (၄) ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသည့် တာဝန်ကြီး(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များမှအရန် မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာသင်တန်းများက လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးတင်ထွဋ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့အတွင်းရှိ အရန်မီးသတ်များ တက်ရောက်ခဲ့ကြပြီး အမှတ်စဥ် (၁/ ၂၀၂၄)အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအား သင်တန်းသားဦးရေ (၅၀) ဦးခန့်ဖြင့် (၁၇.၁၁.၂၀၂၄) မှ (၁၃.၁၂.၂၀၂၄)ရက်နေ့အထိမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
R – 014( ငွေဆောင်)