ပုဂံခေတ် အဆောက်အဦတည်ဆောက်ဖန်တီးသူများ၏ ဗိသုကာဆိုင်ရာ ကျွမ်းကျင်မှုနှင့် တိုးတက်ကောင်းမွန်သော တည်ဆောက်မှုဗိသုကာပညာရပ်များကိုလေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရားဖူးလာရောက်ခဲ့ပါက ပြဿဒ်ကြီးဘုရားရှိ ရပ်တော်မူနှင့်ထိုင်တော်မူ ဆင်းတုတော်တို့ကိုဖူးမြော်ပြီး ပုဂံခေတ်အဆောက်အဦ တည်ဆောက်ဖန်တီးသူများ၏ ဗိသုကာဆိုင်ရာကျွမ်းကျင်မှုနှင့် တိုးတက်ကောင်းမွန်သော တည်ဆောက်မှုဗိသုကာပညာရပ်များကို လေ့လာနိုင်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၌ မကွေးတိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ စခန်းသွင်း လေ့ကျင့်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး အားကစားကွင်း၌ နေပြည်တော်တွင်ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၌ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။

တိုင်းဒေသကြီးအဆင့် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 ဆရာ ဆရာမများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဥ် (၁) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက မန္တလေးမြို့ ပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် ပဲမြစ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိင်၊ ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာမှ တောင်သူအများစုသည်  မိုးကောင်းသောက်၊ ယာမြေအများစုပိုင်ဆိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် မိုးရေနှင့်မြေအောက်ရေကိုအဓိကထားပြီး ရာသီအလိုက် ယာသီးနှံများစိုက်ပျိုးကြကြောင်းနှင့် တောင်သူ ဦးဝင်းကို စိုက်ပျိုးထားသော ပဲမြစ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့၌ မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်း၍ မယ်ဆိုင်းချောင်းအတွင်း နုံးများတူးဖော်နိုင်ရေး တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်း၍ မယ်ဆိုင်ချောင်းအတွင်း နုံးများတူးဖော်နိုင်ရေးအတွက် နှစ်ဖက်နိုင်ငံမှ တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက 1G1-11 ဟိုတယ်အစည်းခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) တိုက်ကျွေး

မဟာအောင်မြေမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆေးနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကာကွယ်ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) ဆိုသည်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းမှ ကာကွာပေးနိုင်သော ကာကွယ်ဆေးဖြစ်ကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) သည် ဘေးကင်းစိတ်ချရပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးနိုင်ကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး (OCV) သည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ခုခံအားကို အားကောင်းစေပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်နိုင်ချေကို လျှော့ချပေးနိုင်ကြောင်း၊ ပြင်းထန်ဝမ်းပျက်ထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောခြင်း၊ မကြာခဏအရည်ဝမ်းများသွားခြင်းနှင့် အော့အန်ခြင်းတို့ကို ဖြစ်စေနိုင်သော ကူးစက်တတ်သော ရောဂါတစ်ခုဖြစ်ကြောင်း၊ ပြင်းတန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ရောဂါပိုးပါသည့် မသန့်ရှင်းသောအစားအစာ သို့မဟုတ်ရေမှတဆင့် သို့မဟုတ် ရောဂါပိုးရှိသူ၏ မစင်နှင့်ထိတွေ့ခြင်းမှတဆင့် ကူးစက်ပျံ့နှံ့ခြင်း၊ လျှင်မြန်စွာ မကုသပါက ရေဓာတ်ခမ်းခြောက်ပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်ကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) ကို တစ်ကြိမ်သောက်ရပါမည်။ တစ်ကြိမ်သောက်ခြင်းဖြင့် ပြင်းထန် ပျက်ဝမ်းလျှောရောဂါကူးစက်ခြင်းမှ ခြောက်လအထိကာကွယ်နိုင်ကြောင်း၊  ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး (OCV) သောက်ပြီးသော်လည်း ရောဂါမကူးစက်စေရန် သန့်(၄) သန့် (အစာသန့်၊ လက်သန့်၊ အိမ်သာသန့်၊ ရေသန့်) စသည့် အမူအကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းထားရန်လိုအပ်ကြောင်းစသည့် အသိပညာပေးခြင်းများဆောင်ပေးပြီး မဟာအောင်မြို့နယ် သက်ဆိုင်ရာဓမ္မာရုံများသို့စုရပ်ဖွဲ့၍ ကျန်းမာရေးဝန်ထမ်းများမှ အသက်(၁)နှစ်နှင့်အထက် ကလေး၊ လူကြီးများအား ကာကွယ်ဆေးတိုက်ကျွေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာမှသိရသည်။

၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ပိတ်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပ

၂၀၂၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက် နိုဝင်ဘာလ(၁၇)ရက်ည (၁၀)နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ပိတ်ပွဲအခမ်းအနား ကျင်းပကြောင်း သိရသည်။

လိပ်သိုဒေသတွင် မိုးစပါးစိုက်ခင်းများ စတင်ရိတ်သိမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသနေပြည်သူများမှာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလည်း မြေနေရာနှင့် ရေရှိမှုအပေါ်မူတည်၍ တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။

တောင်ကြီးမြို့၌ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းခွင်တိုးတက်မြင့်မားရေး မွမ်းမံသင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ ရှမ်းပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းခွင် တိုးတက်မြင့်မားရေးမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခွဲ ကရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညောင်ရွှေမြို့၌ အခြေခံစက်ချုပ်သင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလေးအလုပ်သမားပပျောက်‌ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့၊ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to