အုတ်တွင်း နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ နှစ်စဥ်ကျင်းပမြဲဖြစ်သည့်(၈၂) ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နိုဝင်ဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးလမ်းရပ်ကွက်ရှိ ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့်၊ ဘုန်းတော်တင့်၊ ဘုန်းတော်မြင့် စေတီတော်မြတ်ကြီးရှေ့၌ ကျင်းပခဲ့သည်။
အဆိုပါ မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓပူဇနိယပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ သံဃာတော်(၁၁၁)ပါးနှင့် သီလရှင် (၅၀) ပါးတို့အား အုတ်တွင်းတပ်နယ်မှတပ်နယ်မှူး ဗိုလ်မှူးချုပ်ဇော်မြင့်ဦးနှင့် တပ်ရင်း/တပ်ဖွဲ့မှူးများ၊ တပ်မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ရပ်ကွက်/ ကျေးရွာစေတနာရှင် ပြည်သူများစုပေါင်း၍ မဲရုံပေါင်း(၅၅) ရုံဖြင့်စုစုပေါင်းလှူဒါန်း ငွေကျပ် ၁၉၂၁၃၄၀၀ တန်ဖိုးရှိ ဆွမ်းဆန်စိမ်း၊ စာရေးတံမဲနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း ဘုရားဂေါပကဥက္ကဋ္ဌထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)